Japan Heart ၏ ရည်မှန်းချက်

လက်ရှိ လက်လှမ်းမမှီသော ဒေသများသို့ ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ လက်ရှိ လက်လှမ်းမမှီသော ဒေသများသို့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊

နာတာရှည်အသည်းရောဂါ လူနာကလေးမောင်ဥက္ကာကျော်၏
အသည်းအစားထိုးခွဲစိတ်ကုသမှုအား ပံ့ပိုးကူညီခြင်း

အသည်းအစားထိုးကုသမှုလုပ်ငန်းစဉ်အတွက် ရှေ့ပြေးအနေဖြင့် ဂျပန်နိုင်ငံ Kyushu University Hospital သို့ (၁၃-၃-၂၀၁၇)ရက်နေ့မှ (၁၈-၃-၂၀၁၇)ရက်နေ့အထိ နှင့် (၂၉-၁၀-၂၀၁၇)ရက်နေ့မှ (၃-၁၁-၂၀၁၇)ရက်နေ့ အထိလည်းကောင်း ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်အတူ ပါမောက္ခဆရာဆရာမကြီးများ၊ ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများအား လေ့လာရေးခရီးစဉ်များဖိတ်ကြားခဲ့ပြီး လက်တွေ့သင်ကြားခြင်း အား လေ့လာခဲ့ကြပါသည်။ ရန်ကုန်မြို့မှ အသက် ၃နှစ်အရွယ် မောင်ဥက္ကာကျော်လေးသည် ကလေးငယ်များတွင် ဖြစ်တတ်သော သည်းခြေလမ်းကြောင်းကျဉ်းတဲ့ရောဂါကြောင့် အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်ခဲ့တဲ့ ကလေးလူနာတယောက်ဖြစ်ပါတယ်။ ထို့နောက် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွန်ကြားရေးမှူးတို့၏ လမ်းညွန်ခွင့်ပြုချက်ဖြင့် ဂျပန်နိုင်ငံ၊ Kyushu မြို့၊ Kyushu University ဆေးရုံကြီးတွင် Professor Dr. Taguchi ဦးဆောင်သောအဖွဲ့မှ ၂၀၁၈ခုနှစ် မတ်လ(၂၀)ရက် နေ့တွင် အသည်းရောဂါ​ဝေဒနာရှင်လူနာကလေး မောင်ဥက္ကာကျော်နှင့် အသည်းအလှူရှင် ဦးလင်းထင် (ဖခင်) တို့အား အောင်မြင်စွာ အသည်းအစားထိုး ခွဲစိတ်ကုသနိုင်ခဲ့ပါသည်။ ထိုသို့ခွဲစိတ်ကုသမှုခံယူနိုင်ရန် ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်အတူ အထူးကုပါမောက္ခဆရာဝန်ကြီးများအဖွဲ့သည်လည်း ဂျပန်နိုင်ငံသို့ လိုက်ပါသွားခဲ့ကြပါသည်။ ယခုအခါတွင် ခွဲစိတ်ကုသမှုပြီးသည်မှာ ၆နှစ်ကြာပြီဖြစ်ပြီဖြစ်သော မောင်ဥက္ကာကျော်လေးသည် ရန်ကုန်မြို့တွင် မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပါသည်။

Japan Heart နဲ့ တွေ့ရတာ ဝမ်းသာပါတယ် ❤️

ရန်ကုန်မြို့၏ ဝေးလံခေါင်ဖျားသောဒေသတခုမှ လာရောက်ခဲ့သော မနှင်းသဒ္ဓါဖြူဟာ ဝမ်းဗိုက်တွင် colostomy ဟုခေါ်သော (စအိုအစား မစင်ထွက်ပေါက်အဖြစ် အသုံးပြုတဲ့) အူအပေါက်တခုကို ဖောက်ထားခြင်းခံရသော အသက် (၂) နှစ်အရွယ် ကလေးလူနာလေးတယောက် ဖြစ်ပါသည်။ သူမဟာ မွေးကင်းစအရွယ်တွင် မစင်များ အလွယ်တကူ ထွက်ရန်ခက်ခဲသောရောဂါအခြေအနေတခုကြောင့်မွေးပြီး ရက်အနည်းငယ်အကြာမှာ စအိုအတုကို ဖန်တီးဖို့ ခွဲစိတ်မှုကို ခံယူခဲ့ရပါသည်။ အဲဒီကတည်းက နှစ်နှစ်ကြာသွားခဲ့ပြီနောက် အခုတစ်ကြိမ်မှာ ဝမ်းဗိုက်မှ အူအပေါက်ကို ပိတ်ဖို့ ခွဲစိတ်ကုသဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံရှိ ခက်ခဲသောအခြေအနေတို့ကြောင့် ခွဲစိတ်ကုသမှုခံယူနိုင်တဲ့ ဆေးရုံကို တွေ့ဖို့ခဲယဉ်းခဲ့ပါသည်။ ဒီလိုနဲ့ မနှင်းလေးမိဘများသည် Japan Heart ကို အဆက်အသွယ်ရရှိပြီး ခွဲစိတ်ရန် ဝါးချက်ဆေးရုံသို့ ရောက်ရှိလာခဲ့ပါသည်။ ခွဲစိတ်မှုပြီးနောက်ရက်များတွင်လည်း အစားအသောက်ကန့်သတ်ချက်တွေရှိတာကြောင့် ၂ နှစ်အရွယ်ကလေးတစ်ယောက်အတွက် အခက်အခဲဖြစ်ခဲ့ရပေမယ့် ဒါကိုကျော်ဖြတ်ဖို့ သူမတကယ်ကြိုးစားနိုင်ခဲ့ပါသည်။ အလှအပနှင့် စကားပြောခြင်းကို နှစ်သက်သော မနှင်းလေးဟာ ဆေးရုံတက်စတုန်းက တစ်ခါတလေ ငိုခဲ့ပေမဲ့ မကြာခင်မှာပဲ ဆေးရုံက ဆရာဆရာမတွေနှင့်ရင်းနှီးလာပြီး သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့သူပါ။ ဆေးရုံက ရှုပ်ထွေးလှတဲ့ အလုပ်တွေကြားမှာ မနှင်းလေး၏စကားပြောဟန်နှင့် ချစ်စရာအပြုံးလေးတွေဟာ ဆေးရုံက ဆရာဆရာမတွေက အမောပြေဆေးတခွက်ပါပဲ။ ယခုအခါတွင်တော့ မနှင်းလေးဟာ ကျန်းမာပျော်ရွှင်စွာနှင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ပါသည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများ (အိပ်မက်လှရထားလေး) နေမျိုးအောင်

နေမျိုးအောင်သည် ၂၇၊၉၊၂၀၁၂ တွင် အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ မိဘများ၏ စီးပွားရေး အခက်အခဲကြောင့် ပညာသင်ကြားရန် ရောက်ရှိလာခဲ့ပါသည်။ ယခုလက်ရှိတွင် အသက် (၁၉) နှစ်ရှိပြီ ဖြစ်ပြီး (၁၂) တန်းတွင် ပညာသင်ကြားနေသော ကျောင်းသားလေး ဖြစ်ပါသည်။ သူသည် ဘောလုံးအားကစားကို အလွန်ဝါသနာပါသူဖြစ်ပြီး ဂျပန်နိုင်ငံမှ အားကစားနည်းပြတစ်ဦး၏ လေ့ကျင့် သင်ကြားပေးမှုဖြင့် ထူးချွန်ထက်မြတ်သော ဂိုးသမားတစ်ဦးဖြစ်လာခဲ့ပါသည်။ ယခုအချိန်တွင် ယူ-၁၈ ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့်ပြိုင်ပွဲ၌ ပါဝင်ကစားခဲ့ပြီး သူ၏အသင်းမှာ ချန်ပီယံဆု ကြီးအား ဆွတ်ခူးရယူနိုင်ခဲ့သည်အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါသည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများ (အိပ်မက်လှရထားလေး) တင်နီလာဝင်း

တင်နီလာဝင်းသည် ၂၁၊၅၊၂၀၁၄ တွင် အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ မိဘများ အိမ်ထောင်ကွဲမှုကြောင့် ရောက်ရှိလာခဲ့ပါသည်။ ယခုအချိန်တွင် အသက် (၂၄) နှစ်ရှိပြီဖြစ်ပြီး တက္ကသိုလ် တတိယနှစ်တွင် ပညာသင်ကြားနေသော ကျောင်းသူဖြစ်ပါသည်။ သူသည် ဂျပန်စာတွင်ထူးချွန်ပြီး ၂၀၂၁ ခုနှစ်တွင် JLPT N-2 စာမေးပွဲဖြေဆိုရာ မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယ အဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။

ဆေးပညာအကြောပြင်အနှိပ်သင်တန်းဆင်းများ၏ကြိုးစားအားထုတ်မှုနှင့်အောင်မြင်မှုရလဒ်မှတ်တမ်း ကိုရာမိုးမြင့်

၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင်JapanHeartမှသင်ကြားပို့ချသောဆေးပညာရပ်ဆိုင်ရာအကြောပြင်အနှိပ်၁နှစ်သင်တန်းကိုတက်ရောက်ခွင့်ရရှိခဲ့ပြီးအနှိပ်ပညာရှင်အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ဧရာဝတီတိုင်း၊ဝါးခယ်မမြို့မှလယ်သမားမိဘများမှမွေးဖွားသောအငယ်ဆုံးသားထွေး၊မွေးရာပါမျက်မမြင်ဖြစ်သောကြောင့်မိဘများ၏အထူးဂရုစိုက်ခြင်းကိုခံခဲ့ရပါသည်။မိသားစုစီးပွားရေးအခြေအနေနှင့်မိဘများ၏မျက်မမြင်များအပေါ်ထားရှိသောအမြင်အားနည်းမှုကြောင့်အတန်းပညာကျောင်းပညာသင်ယူနိုင်ခြင်းမရှိခဲ့ပါ။အသက်၆နှစ်အရွယ်တွင်ရန်ကုန်တိုင်းအတွင်းရှိပုဂ္ဂလိကမျက်မမြင်ကျောင်းသို့ပညာသင်ရန်ရောက်ရှိခဲ့သော်လည်းမပျော်သဖြင့်အိမ်သို့ပြန်သွားခဲ့ပြီးနောက်အခက်အခဲနှင့်အခြေ‌အနေအမျိုးမျိုးကြောင့်မျက်မမြင်ကျောင်းများသို့ပညာသင်ရန်လာရောက်နိုင်ခြင်အခွင့်အရေးမရခဲ့ပါ။ အသက်၂၂နှစ်တွင်မိဘများကတားမြစ်သည့်ကြားမှကိုယ့်အားကိုယ်ကိုးချင်စိတ်ဖြင့်အလုပ်အကိုင်ရရှိရန်အနှိပ်ပညာကိုသင်ယူရန်ဆုံးဖြတ်ခဲ့ပြီးကျောင်းမနေဖူးသောကြောင့်စာတွေ့သင်ယူရာတွင်အခက်အခဲများစွာရှိခဲ့သော်လည်းစိတ်အားထက်သန်မှု၊သင်ကြားရေးပံ့ပိုးမှုနှင့်ကြိုးစားအားထုတ်မှုများ၏ရလဒ်ကြောင့်ကျွန်တော်မျှော်မှန်းခဲ့သောအနှိပ်ပညာရှင်ဘဝသို့ရောက်ရှိခဲ့ပါသည်။ မျက်မမြင်အကြောပြင်အနှိပ်ဆိုင်တွင်လက်တွေ့စတင်လုပ်ကိုင်စဉ်အများနည်းတူလုပ်ဆောင်နိုင်ရန်နည်းစနစ်များစွာကိုလည်းဆက်လက်သင်ယူရပြန်သည်။လူမှုဆက်ဆံရေးများလုပ်ငန်းခွင်စနှစ်များနှင့်ပတ်သက်သည်များကိုလည်းအလေးထားလေ့လာသင်ယူရင်းအနှိပ်နည်းစနှစ်များ၊ကုထုံးများကိုအရည်အချင်းမြင့်မားပြီးအကောင်းဆုံးဝန်ဆောင်မှုပေးစွမ်းနိုင်အောင်အစဥ်အမြဲလေ့လာသင်ယူ၊ကြိုးစားအားထုတ်ခဲ့ပါတယ်။ယခုလှိုင်မြို့နယ်ရှိပုဂ္ဂလိကအနှိပ်ဆိုင်တွင်၂၀၁၄၂၀၁၅အနှိပ်ကျောင်းဆင်း၊ဇနီးဖြစ်သူမိတ္ထီလာသူမအိအိဖြိုးနှင့်အတူပျော်ရွှင်စွာအလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ယခုတွင်ကိုယ်ပိုင်မိသားစုထူထောင်ပြီးမိမိဝင်ငွေဖြင့်မိဘများအတွက်ဆေးဖိုးထောက်ပံ့ပေးခြင်း၊ ၄နှစ်အရွယ်သားကလေးအား‌ပြုစုပျိုး‌ထောင်ပေးနိုင်သောမိဘဖြစ်ခွင့်ရခြင်း၊မိမိပတ်ဝန်းကျင်ရှိ‌ ဝေဒနာရှင်များအားအနှိပ်ပညာကုထုံးဖြင့်အကျိုးပြုနိုင်ခြင်း၊မိမိဘဝကိုကျေနပ်မိပါတယ်။တစ်နေ့မှာကိုယ်ပိုင်ဆိုင်ဖွင့်နိုင်အောင်လည်းကြိုးစားနေပါတယ်။

ဆေးပညာအကြောပြင်အနှိပ်သင်တန်းဆင်းများ၏ကြိုးစားအားထုတ်မှုနှင့်အောင်မြင်မှုရလဒ်မှတ်တမ်း ဒေါ်လမိုင်ဂျာစံ

JapanHeartအဖွဲ့မှဖွင့်လှစ်သော‌ဆေးပညာရပ်ဆိုင်ရာအကြောပြင်အနှိပ်ဆရာဖြစ်သင်တန်းကို ၂၀၁၀ခုနှစ်၊မေလမှ၂၀၁၁ခုနှစ်အထိဂျပန်ဆရာMr.ShinyaShiozakiမှတိုက်ရိုက်သင်တန်းပို့ချမှုဖြင့်၊စာတွေ့၊လက်တွေ့ဘာသာရပ်များကိုမြန်မာဝန်ထမ်းစကားပြန်များ၏ဘာသာပြန်ပံ့ပိုးမှုများဖြင့်အခက်အခဲမရှိလေ့လာသင်ယူနိုင်ခဲ့ပါသည်။၂၀၁၁၂၀၁၂တွင်မိခင်မျက်မမြင်ကျောင်းဖြစ်သောမြစ်ကြီးနားမျက်မမြင်ကျောင်းတွင်ကျောင်းသားနှစ်ဦးအားပြန်လည်လက်တွေ့သင်တန်းပို့ချခြင်းနှင့်၃လတစ်ကြိမ်အခြားသောဒေသများသို့လက်တွေ့လေ့လာရေးများသွားရောက်ခဲ့ခြင်းများသည်ပျော်စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းပါသည်။ ဒေသဆိုင်ရာဗဟုသုတများလည်းရရှိခဲ့ပါသည်။ ၂၀၁၂ခုနှစ်တွင်ဆရာဖြစ်အောင်လက်မှတ်ရရှိခဲ့ပြီးလက်ထောက်ဆရာမအဖြစ်သင်တန်းပို့ချခဲ့ပါသည်။၂၀၁၃ခုနှစ်နိုဝင်ဘာလတွင်ဂျပန်နိုင်ငံဆေးပညာရပ်အကြောပြင်အနှိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီး၂၀၁၄ခုနှစ်မတ်လမှ၂၀၁၇ခုနှစ်မတ်လအထိTsukubaတက္ကသိုလ်၏မျက်မမြင်အနှိပ်သင်တန်းကျောင်းတွင်၃နှစ်တာမြန်မာနိုင်ငံကိုယ်စားပြုလေ့လာသင်ယူခွင့်ရရှိခဲ့ရာ၊ဘာသာစကားအခက်အခဲများရှိခဲ့‌သော်လည်းဆရာဆရာမများနှင့်ဂျပန်သူငယ်ချင်းများ၏ကူညီဖေးမပေးမှုကြောင့်အများနီးတူအောင်မှတ်များရရှိခဲ့ပြီးဂျပန်အစိုးရ၏အနှိပ်ပညာရှင်လိုင်စင်စာမေးပွဲကိုပါဖြေဆိုအောင်မြင်ခဲ့ပါသည်။ မြန်မာနိုင်ငံပြန်လာပြီးဘဝတူမျက်မမြင်များကိုယ့်အားကိုယ်ကိုးနိုင်စေရန်JapanHeartမှဖွင့်လှစ်ထားသောသင်တန်းကျောင်းတွင်မိမိငယ်စဉ်ကတည်းကဝါသနာပါသောသင်ကြားပို့ချခြင်းအလုပ်ကိုယနေ့အထိလုပ်ကိုင်လျက်ရှိပါတယ်။အနာဂတ်မှာလည်းJapanHeartမှပံ့ပိုးမှုရရှိနေသ၍ဘဝတူမျက်မမြင်များဖွံ့ဖြိုးရေး၊သင်ကြားရေးကဏ္ဍတွင်ဆက်လက်လုပ်ဆောင်သွားချင်ပါတယ်။ထို့အပြင်JapanHeartအဖွဲ့၏အခြေခံပစ္စည်းများပံ့ပိုးမှုဖြင့်ဖွင့်လှစ်နိုင်ခဲ့သောSakuraSakuraအနှိပ်ခန်းကိုကိုဗစ်ကပ်ရောဂါကာလအတွင်း၂နှစ်တာပိတ်ခဲ့ရသော်လည်းJapanHeartမှလစဉ်လစာပံ့ပိုးမှုနှင့်မိမိအပေါ်ယုံကြည်မှုရှိသောMobileMassageCustomersများမှရရှိသောဝင်ငွေများဖြင့်ပြန်လည်ကြိုးစားဖွင့်လှစ်နိုင်ခဲ့ပါသည်။ အနာဂတ်တွင်လည်းမိမိအကျိုးသာမကဘဝတူမျက်မမြင်များ၏အလုပ်အကိုင်အခွင့်အလမ်းအတွက်ဆိုင်အသစ်များတိုးချဲ့ဖွင့်လှစ်နိုင်ရန်ဆန္ဒရှိပါသည်။

ဆေးပညာအကြောပြင်အနှိပ်သင်တန်းဆင်းများ၏ကြိုးစားအားထုတ်မှုနှင့်အောင်မြင်မှုရလဒ်မှတ်တမ်း ဦးတင်မိုး

ဦးတင်မိုးကိုမန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်၊အောင်သာကျေးရွာတွင်လယ်သမားမိဘများမှမွေးချင်း (၈)ဦးအနက်အငယ်ဆုံးသားအဖြစ်မွေးဖွားခဲ့ပါသည်။ လက်ရှိ ဦးတင်မိုးတွင် ဇနီးနှင့် Grade 5 သားတစ်ဦးနှင့်Grade 2 သမီးတစ်ဦးရှိသည်။ ၂၀၁၁ခုနှစ်တွင်အကြောပြင်အနှိပ်ပညာဆရာဖြစ်သင်တန်းကိုတတ်မြောက်ပြီးဘဝတူမျက်မမြင်ကလေးများအား မျှဝေပေးရန်၊ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်ရည်ရွယ်ချက်များဖြင့် သင်ယူခဲ့ပါသည်။ သင်တန်းတက်စဉ် အသင်အပြကောင်းမွန်၍ စည်းကမ်းတိကျသော ဂျပန်နိုင်ငံသားဆရာထံတွင် သင်ယူရသည့်အတွက် သဘောကျနှစ်ခြိုက်ခြင်း၊ ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူရသည့်အတွက်သဘောကျနှစ်ခြိုက်ခြင်း၊ကျောင်းပေါင်းစုံမှမိတ်ဆွေ၊သူငယ်ချင်းများရရှိခြင်း၊ သင်ကြားမှု ၊သင်ယူမှုနည်းစနစ်ကောင်းများ ရရှိခြင်းရရှိသည့်အပြင်သင်တန်းပြီးမြောက်ချိန်တ အတတ်ပညာတစ်ခုတတ်မြောက်ပြီး၊အသိပညာများတိုးပွားသည့်အတွက်ဝမ်းမြောက်မှုဖြစ်ခြင်း၊အကြောပြင်အနှိပ်ပညာနှင့်ပတ်သက်၍ဂျပန်နိုင်ငံနှင့်နိုင်ငံတကာရှိမျက်မမြင်အနှိပ်ပညာရှင်များအကြောင်းကိုသိရှိခွင့်ရရှိခြင်း၊အနာဂတ်တွင်မျက်မမြင်ကလေးများအားအကြောပြင်အနှိပ်ပညာရပ်များ ပြန်လည်သင်ကြားပေးနိုင်မည့် အခွင့်အရေးများ ရရှိသည့်အတွက် ဝမ်းမြောက်မှု ဖြစ်ရပါသည်။ လက်တွေ့လုပ်ဆောင်ရာတွင် အောင်မြင်မှုများရှိသလို အခက်အခဲများလည်းရှိပါသည်။ အောင်မြင်မှုများအနေဖြင့်၂၀၁၄ခုနှစ်တွင်ဘဝသစ်မျက်မမြင်ကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပြီးမျက်မမြင်ကျောင်းသားကျောင်းသူ များအား အကြောပြင်အနှိပ်ပညာရပ်သင်ကြားပေးနိုင်ခဲ့ပါသည်။ Japan- Heart မှ သင်တန်းနည်းပြဆရာ ဆရာရှီအိုဇာကီ သင်ကြားပေးသော ဂျပန်နည်းပညာ Amma ဘာသာရပ်ကို အခြေခံသောအကြောပြင်အနှိပ်ဘာသာရပ်များအား၂၀၁၅ခုနှစ်မှစ၍မျက်မမြင်ကျောင်းသား၊ကျောင်းသူဆယ်ဦးခန့်အား စတင်သင်ကြားပေးနိုင်ခဲ့ပါသည်။ ယင်းသို့ သင်ကြားရာတွင် Japan Heart သင်တန်းဆင်းဆရာတစ်ဦးဖြစ်သော ဦးခွန်သိန်းအောင်နှင့် ပူး‌ပေါင်းဆောင်ရွက်ခဲ့ပါသည် ။ ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၀ဦးကျော်အား အကြောပြင်အနှိပ်ပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပါသည်။ ထိုသို့သင်ကြားရာတွင်သင်ထောက်ကူပစ္စည်းများမရှိခြင်းကြောင့်အခက်အခဲအချို့ရှိခဲ့ပါသည်။ ဉပမာ ဖိုက်ဘာဖြင့်ပြုလုပ်ထားသော လက်ဖြင့်ကိုင်တွယ်စမ်းသပ်၍ရသည့် လူ့ခန္ဓာကိုယ်အရိုးစုပုံ ၊ အတွင်းကလီစာပုံများ မရှိခြင်းကြောင့်ဖြစ်ပါသည်။ မျက်မမြင်ကျောင်းစတင်ရခြင်း၏ရည်ရွယ်ချက်များမှာမြန်မာနိုင်ငံတွင်မျက်မမြင်ကျောင်းသား၊ကျောင်းသူများပညာသင်ကြားရန် မျက်မမြင်ကျောင်းများ လုံလောက်စွာမရှိခြင်း ၊ မိမိကိုယ်တိုင် မျက်မမြင်တစ်ဦး ဖြစ်နေသောကြောင့် မျက်မမြင်များအား ပညာတတ်များဖြစ်စေလိုခြင်းဖြစ်ပါသည်။ ယခုမျက်မမြင်ကျောင်းမှသင်ကြားမှုအခြေအနေအဖြစ်အတန်းစာပေ(မူလတန်းမှတက္ကသိုလ်အဆင့်အထိ)၊ ဂီတပညာ (မြန်မာသံနှင့်အနောက်တိုင်း)၊ အကြောပြင်အနှိပ်၊ Computer နှင့် Android Phone သုံးစွဲခြင်းနည်းပညာ၊လက်မှုပညာ(ပါကင်ခြင်းရက်နည်း၊ပိုက်ဆံအိတ်၊Keychainပြုလုပ်ခြင်း)များဖြစ်ပြီး၊ အခြားဖွံ့ဖြိုးရေး လုပ်ငန်းများအနေဖြင့် အနှိပ်ခန်းများဖွင့်လှစ်၍ ကျောင်းရံပုံငွေရှာဖွေခြင်း၊ ဂီတ ဖျော်ဖြေမှုများဖြင့် ကျောင်းရံပုံငွေရှာဖွေခြင်းလုပ်ဆောင်လျက်ရှိပါသည်။ စိန်ခေါ်မှုများအနေဖြင့်ကျောင်းလုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရန်အတွက်ရံပုံငွေများလိုအပ်ခြင်း၊ ဝန်ထမ်းများ ပြည့်စုံစွာခန့်ထားနိုင်ရန်လိုအပ်ခြင်းများဖြစ်သည်။ မျက်မမြင်များ၏ဘဝဖွံ့ဖြိုးရေးလုပ်ဆောင်မှုအောင်မြင်မှုရလဒ်များမှာတက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး အောင်မြင်သွားခြင်း၊ အကြောပြင်အနှိပ်သင်တန်းအောင် မျက်မမြင်၅၀ ဦးခန့်အလုပ်အကိုင်များရရှိခြင်း၊ အကြောပြင်အနှိပ် သင်တန်းအောင် မျက်မမြင်၁၀ ဦးခန့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်အနှိပ်ဆိုင်များ ဖွင့်လှစ်နိုင်ခြင်း၊ အကြောပြင်အနှိပ်သင်တန်းအောင် မျက်မမြင် ၁၀ ဦးခန့်မှာ ကျောင်းရံပုံငွေများကို ရှာဖွေပေးလျက်ရှိခြင်း၊ လက်ရွေးစင်မျက်မမြင် အားကစားသမား များအား မွေးထုတ်ပေးနိုင်ခြင်း၊ နှစ်စဉ်ကျောင်းသား၊ကျောင်းသူ ၁၀ ဦးမှ ၅၀ ဦးခန့်အထိ တိုးချဲ့၍ လက်ခံပညာသင်ကြားပေးနိုင်ခြင်းနှင့် ဝန်ထမ်း ၅ ဦးမှ ၁၅ ဦးအထိ တိုးချဲ့ခန့်ထားနိုင်ခြင်းတို့ဖြစ်ပါသည်။ အနာဂတ်တွင် ကျောင်းသားကျောင်းသူဦးရေ ၅၀ ဦးမှ ၁၀၀ ဦးခန့်အထိ တိုးမြှင့်လက်ခံ၍ ပညာသင်ကြားပေးနိုင်ရန်၊ကျောင်းသား၊ကျောင်းသူ(၁၀၀)ဦးခန့်အားလက်ခံနိုင်မည့်အဆောက်အဦးများတိုးချဲ့ဆောက်လုပ်ရန်၊အားကစားကွင်းများတည်ဆောက်ရန်၊ကျောင်းပိုင်အကြောပြင်အနှိပ်ဆိုင်ခွဲ

မြန်မာနိုင်ငံတွင် လှုပ်ရှားမှုများ

ဝါးချက်ဆေးရုံနှင့် ဂျပန်နှလုံးသားအဖွဲ့

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း-မင်းကွန်းလမ်းပေါ်ရှိ ဝါးချက်ကျေးရွာတွင် တည်ရှိသော ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံသည် ဂျပန်နှလုံးသားအဖွဲ့ ၏ မူလ အစ ဖြစ်ပါသည်။ ခရစ်နှစ် သက္ကရာဇ် ၂၀၀၄ ခုနှစ် မေလမှစတင်၍ ဂျပန်နှလုံးသားအဖွဲ့၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို ဤဆေးရုံကြီး၌ စတင်လုပ်ဆောင်ခဲ့ပါသည်။ 

ဝါးချက်ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံလေးသာဖြစ်သော်လည်း ဆေးရုံတက်လူနာများအလွန်များသောအချိန်တွင်မူ လူနာဦးရေ ၂၀၀ ကျော်အထိ လက်ခံထားရှိနိုင်ပါသည်။ ဆေးရုံကို စတင်တည်ဆောက်ခါက သံဃာ့ဆေးရုံအဖြစ် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အများပြည်သူအတွက် ပရဟိတဆေးရုံအဖြစ် ပြောင်းလဲခဲ့ပါသည်။ ဂျပန်နှလုံးသားအဖွဲ့သည် ဤဆေးရုံနှင့်ပူးပေါင်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင် ဆေးပညာရှင် ပရဟိတအဖွဲ့အစည်းတခု ဖြစ်ပါသည်။

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

အိပ်မက်လှရထားလေး  လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသည် “Japan Heart” ၏ အကူအညီဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၊ ၂၉ ရက်တွင် အမှတ် (၂၇၀/၂၇၁)၊ အောင်တံခွန်လမ်း၊ (၄၈) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပါသည်။  

ဤပရဟိတဂေဟာ၏ မျှော်မှန်းချက်သည် စားဝတ်နေရေး၊ ပညာရေးနှင့် အခြားလူမှုရေးပြဿနာများကို ရင် ဆိုင်နေရသော ကလေး၊ လူငယ်များအား လူမျိုး၊ ဘာသာခွဲခြားခြင်းမပြုဘဲ “အင်အားနည်းသူဝိုင်း၍ကူ” ဆိုသည့် စကားနှင့်အညီ လူသားချင်း စာနာစိတ်၊ မေတ္တာ၊ ကရုဏာစိတ်များဖြင့် ထိရောက်စွာကူညီစောင့်ရှောက်ပေးရန် ဖြစ်ပါသည်။

ဤပရဟိတဂေဟာသို့ရောက်ရှိလာသောကလေးတိုင်း စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးဒုက္ခများမှ ကင်း ဝေးပြီး အခြေခံပညာ၊ မိမိတို့တတ်မြောက်လိုသော အသက်မွေးဝမ်းကျောင်းပညာများနှင့် အဆင့်မြှင့်ပညာများကို သင်ယူလေ့လာပြီး မိမိကိုယ်ကို အားကိုးရပ်တည်နိုင်သူများဖြစ်လာရန် ရည်မှန်းပါသည်။

အိပ်မက်လှရထားလေးဂေဟာကို စတင်တည်ထောင်စဉ်တွင် ကလေးဦးရေ ( ၂၈ ) ဦးရှိခဲ့ပါသည်။ ယခုအချိန်တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၃၈) ဦးရှိပြီး နှစ်စဉ်နှစ်တိုင်းတွင်လည်း ပညာရေးနှင့် အားကစားတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လျက်ရှိပါသည်။

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား နှစ်စဉ်နှစ်တိုင်း၊ လစဉ်လတိုင်းတွင် အဖက်ဖက်မှ ပေးလှူကြသော ပြည်တွင်းပြည်ပမှ အလှူရှင်များအား အိမ်မက်လှရထားလေးမှ ကျေးဇူးအထူးပင်တင်ရှိပါသည်။

မသန်စွမ်းမှုဖွံ့ဖြိုးရေးဆိုင်ရာ မျက်မမြင်များ၏ ကိုယ့်အားကိုယ်ကိုးနိုင်စေရေးနှင့်လူမှုဝန်းကျင်တွင် ပါဝင်ရေး၊ ဆေးပညာရပ်ဆိုင်ရာအကြောပြင်အနှိပ်-အသက်မွေးဝမ်းကျောင်းပညာသင်တန်း စီမံကိန်း
  • Japan Heart သည် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ လူမှုကူညီရေးအသင်းများထံ အကူအညီများ ပေးအပ်ရန် ရည်မှန်းထားပြီး၊ မသန်စွမ်းသူများနှင့် ဒေသခံရပ်ရွာများအတွက် လုံခြုံစိတ်ချရသော အခြေအနေများ တည်ဆောက်ကာ ၎င်းတို့နေထိုင်ရာ ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည်။
  • လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်အတွက်၊ အာဏာပိုင်များနှင့် Japan Heart နှစ်ခုလုံးသည် ရပ်ရွာများ၏ အကူအညီကို အခြေခံ၍ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အတူတကွ လုပ်ဆောင်လိုသော ဆန္ဒရှိသည်။
  • ထို့အပြင် ဆေးဘက်ဆိုင်ရာ အနှိပ်ဆရာသင်တန်း ၂ နှစ်သင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှတဆင့် ODA ရန်ပုံငွေပံ့ပိုးမှုဖြင့် စတင်ခဲ့ပြီး (2010 - 2013) တွင် Japan Heart မှ ဆေးဘက်ဆိုင်ရာ အနှိပ်ကုထုံး (၁) နှစ်သင်တန်းကို ယနေ့အထိ ဆက်လက်စီစဉ်ခဲ့ပါသည်။

ထောက်ပံပေးသူများ/အလှူရှင်များ အသံ

slider1

ဒေါ်ထက်ထက်

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ကလေးများအတွက် နေ့လည်စာကို လှူဒါန်းဖြစ်ပါ တယ်။ ကိုယ်လှူဒါန်းတဲ့ နေ့လည်စာကို ကလေးများစားနေတာကိုကြည့်ပြီး အရမ်းကိုကျေနပ်ပီတိ ဖြစ်ရပါတယ်။ နောက်လည်း အခါအခွင့်သင့်ရင် ထပ်ပြီးလှူဒါန်းပါအုံးမယ်။

slider1

ဒေါ်မိုးသူဇာ

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ မုန့်တွေလှူရတဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်မိပါ တယ်။ နောက်လည်းဒီထက်မက အများကြီးလှူနိုင်ချင်ပါသေးတယ်။

slider1

ဒေါ်အေးမိုးမိုးချစ်

အိမ်မက်လှရထားဂေဟာမှာ နေ့လည်စာလှူရတာ ကျေနပ်ပီတိဖြစ်ရပါတယ်။ ဒီလို လှူရတဲ့အတွက် ကလေးတွေမှာလည်း သူတို့ကို ဂရုစိုက် မေတ္တာပေးကြတဲ့သူတွေ ရှိပါသေးလားဆိုတဲ့ ခံစားချက်လေးရဖို့ မျှော်လင့်ပါတယ်။

slider1

Risa Nagata (Intern at Dream Train)

DT မှာ intern အနေနဲ့ public relations ပိုင်းနဲ့ ကလေးများမှမွေးစားမိဘများထံသို့ လက်‌ရေးစာများကို ဘာသာပြန်ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်မျက်မြင်တွေ့ရတဲ့အတွက်လည်း အရမ်းကိုပျော်ရွှင်ခဲ့ရပြီး အတွေ့အကြုံကောင်းတွေလည်း အများကြီးရခဲ့ပါတယ်။ Internship ပြီးသွားပေမဲ့ Dream Train မှာဆက်ပြီး အလှူအတန်းတွေပြုလုပ်ပြီး ဆက်လက်ပါ၀င်သွားချင်ပါတယ်။

slider1

BRYCEN Corporation (Regular supporter of Dream Train)

Brycen Corporation သည် ၂၀၁၅ခုနှစ်မှစတင်ကာ BBQများစီစဥ်ပေးခဲ့ရာ ကုမ္ပဏီဥက္ကဌ Fujiki မှလည်း အစဥ်အမြဲ ပါ၀င်ခဲ့ပါတယ်။ ကလေးများရဲ့ ပျော်ရွှင်စွာ စားသောက်လျှက်ရှိသော ပုံရိပ်များနှင့် ပွဲပြီးခါနီး ဂျပန်သီချင်းများဖြင့် သီဆိုဖျော်ဖြေပြသော ပုံရိပ်များကို မြင်‌‌‌‌‌‌‌ယောင်ကာ ၀မ်းသာပီတိဖြစ်မိပါတယ်။ ကျွန်ုပ်တို့ရဲ့ ကုမ္ပဏီမှ လှူုဒါန်းသော ကွန်ပြူတာများ အသုံးပြုကာ ပညာလေ့လာ သင်ယူနေကြသော ကျောင်းသားများလည်းရှိရာ BRYCEN MYANMAR၌ လုပ်ငန်းတာ၀န်များ ထမ်းဆောင်နေသော ကျောင်းသား ၁၉ယောက်ရှိပြီး လက်ရှိ BRYCENဂျပန်ရုံးချုပ်၌တာ၀န်ထမ်းဆောင်နေသူ ၁ဦးရှိပါတယ်။ Dream Trainက ကျောင်းသားများရဲ့ ကြိုးစားသင်ယူလိုစိတ်နဲ့ စိတ်အားထက်သန်မှုများကို မြင်တွေ့ရတဲ့အတွက်လည်း အရမ်း၀မ်းသာမိပါတယ်။ နောက်လဲဆက်ပြီး ကလေးများရဲ့ အနာဂတ်အတွက် ပညာ‌ရေးပိုင်းဆိုင်ရာ လိုအပ်မှုများနဲ့ BBQများ လှူဒါန်းသွားပါဦးမယ်။

slider1

Japanese monthly donor

ကလေးငယ်များ နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။

slider1

Japanese monthly donor

Japan Heart ရဲ့ကျေးဇူးနဲ့ လက်ရှိမွေးစားကလေးငယ်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တစ်ခါမှသွားရောက် လည်ပတ်ဖူးခြင်းမရှိသော နိုင်ငံမှာ အခုလို ချစ်စရာကောင်းတဲ့ ကလေးငယ်နဲ့တွေ့ဆုံရခြင်းအတွက်လည်း အရမ်းပျော်ရွှင်မိပါတယ်။

slider1

Japanese monthly donor

မြန်မာနဲ့ပတ်သက်ပြီး အလွယ်ဆုံးနှုတ်ဆက်စကားကအစ အများကြီးလေ့လာချင်ပါတယ်။

slider1

Japanese monthly donor

ကလေးငယ်များစွာရဲ့အသက်ကိုကယ်တင်ပေးနေတဲ့Japan Heart ကိုအများကြီးကျေးဇူးတင်ပါတယ်။ အရင်က မြန်မာြပည်သွားခဲ့တုန်းက မြန်မာကဆေးရုံမှာ ကလေးငယ်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနေတာနဲ့ ပတ်သက်ပြီး ဆရာကြီး Dr Yoshioka ရဲ့ နောက်ထပ် ကယ်တင်လို့ရသေးတဲ့ ကလေးငယ်‌မြောက်များစွာ ကျန်ရှိနေသေးကြောင်း စိတ်အားထက်သန်စွာ ‌ပြောဆိုနေတာကို မြင်တွေ့ရလို့ ကိုယ်တိုင်လည်း ဆရာကြီးနဲ့ Japan Heart ကို ကူညီထောက်ပံ့ဖို့ စိတ်အားထက်သန်လာပါတယ်။

လှူဒါန်းငွေများ အသုံးပြုရာ အခန်းကဏ္ဍများ

Japan Heart သည်လက်ခံရရှိသော အလှူငွေများအား မြန်မာနိုင်ငံအတွင်းရှိ လက်ရှိဆောင်ရွက်လျှက်ရှိသော ဆေးဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာထောက်ပံ့မှုများ၊ မသန်စွမ်းမှုဖွံ့ဖြိုးရေးဆိုင်ရာ မျက်မမြင်များ၏ ကိုယ့်အားကိုယ်ကိုးနိုင်စေရေးနှင့် လူမှုဝန်းကျင် တွင်ပါဝင်ရေးထောက်ပံ့မှုများအတွက် အသုံးပြုလျှက်ရှိပါသည်။

  • လူနာများ၏ လိုအပ်သော ခွဲစိတ်မှုများနှင့် ဆေးကုသမှုများ
  • ဆေး၀ါးပစ္စည်းများ 
  • ၀န်ထမ်းစရိန်များ
  • လိုအပ်သောဆေးရုံပြင်ဆင်မှုများနှင့် ပတ်၀န်းကျင်ဆိုင်ရာ ထိန်းသိမ်းဆောင်ရွက်မှုများ
  • လိုအပ်သော ပစ္စည်းကိရိယာများနှင့် ဖြည့်စွက်ဆောင်ရွက်မှုများ 
  • ကျောင်းသားများ၏လိုအပ်သော ပညာသင်ထောက်ပံ့ကြေးများ
  • ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သောယာဥ်များ 
  • အခြားလိုအပ်သော စရိတ်များ 
၃၀၀၀ ကျပ်
  • ကလေးတစ်ယောက်ဟာ တစ်နေ့စာ အာဟာရပြည့်အောင် စားနိုင်ပါတယ်။
    .
၃၀၀၀၀ ကျပ်
  • ကလေးတစ်ဦးသည် အသွားအပြန် သယ်ယူပို့ဆောင်စရိတ် လုံလောက်စွာ ရရှိနိုင်သည်။
၁၀၀၀၀၀ ကျပ်
  • ကလေးတစ်ဦးသည် အသေးစားခွဲစိတ်မှုခံယူနိုင်သည်။
    .
၃၀၀၀၀၀ ကျပ်
  • ကလေးတစ်ဦးသည် အကြီးစားခွဲစိတ်မှု ခံယူနိုင်သည်။
    .

Japan Heart အဖွဲ့အစည်းမှ ရရှိခဲ့သော ဆုများ

gold medal The First, Sakai Peace Contribution Award, Encouragement Award(2008)
gold medal 38th 'Oyama Health Foundation Award' (2012)
gold medal The Okinawa Peace Prize (2014)
gold medal Symbol of Tomorrow Award (Ayami Hasegawa) (2014)
gold medal The Oyama Health Foundation Encouragement Award (Tomoko Kono) (2015)
gold medal Award for Social Contributor of thMinistry of Health and Culture awards (Minister of Health, Labour and Welfare Award, Daiichi Life Insurance Award, NHK Health and Culture Agency Award, Asahi Shimbun Health and Culture Agency Award) (2017)
gold medal Winner of the 7th Excellent NPO Award and Citizen Award (2019)e Year (2017)
gold medal The 22nd Global Ethics Promotion Award (International Activities Category), Minister of Education, Culture, Sports, Science and Technology Award (2019)
gold medal United Nations Inter-Agency Task Force on the Prevention and Control of Non-communicable Diseases Award (2020)
gold medal The 69th Kan Kikuchi Prize received by Dr.Hideto Yoshioka (2021)
gold medal Winner of the Deputy Director-General (Minister of Foreign Affairs) Award for the Promotion of SDGs, 5th Japan SDGs Awards (2021)
gold medal Oyama Encouragement Award (Dr Kojiro) (2022)

ပြည်ပအလှူရှင်များအတွက်

နိုင်ငံရပ်ခြားတွင် နေထိုင်ပြီး Japan Heart Myanmar ၏ လှုပ်ရှားမှုများကို ပံ့ပိုးကူညီလိုသော သူများအတွက် ကျေးဇူးပြု၍ အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။