အိပ်မက်လှရထားလေး

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေးဂေဟာ ပညာရေးဆိုင်ရာထောက်ပံ့မှု

handicrafts
handicrafts

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေးဂေဟာရှိ ပညာရေးအဖွဲ့မှ ကလေးများ၏ဘဝရှင်သန်ရန်၊ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်နှင့် အမှီအခိုကင်းကင်းဖြင့် မိမိဘဝများကို ဦးဆောင်နိုင်ရန် အမျိုး မျိုးသောထောက်ပံမှုများဖြင့် ပံ့ပိုးပေးလျှက်ရှိပါသည်။ ထိုကဲ့သို့ပံ့ပိုးကူညီရာတွင် ကလေးများ၏ အရည်အသွေးနှင့် စိတ်ဝင်စားမှုပေါ်မူတည်၍ အခြေခံပညာရေးကျောင်းများတွင်သာမက ကိုယ်ပိုင်ကျောင်းများတွင်ပါ တက်ရောက် ပညာသင်ကြားနိုင်ရန် ပံ့ပိုးကူပေးခြင်းဖြင့် အဆင့်မြင့်ပညာရေး ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ 

ထို့အပြင် ကျောင်းချိန်ပြင်ပတွင်လည်း ဘာသာရပ်အလိုက် ဖြည့်စွက်သင်ကြားပေးလျက်ရှိပါသည်။ ထိုသို့သင်ကြားရာတွင် တိုင်းရင်းသားကလေးများ၏ စာပေနှင့် ဘာသာစကားစွမ်းရည်ကို မြှင့်တင်ရန်နှင့် သင်ယူမှုကိုအားဖြည့်သည့်အနေဖြင့် ကျူရှင်၊ စာကြည့်လမ်းညွှန်၊ နေ့၊ ည စာကြည့်ဝိုင်း များ၊ စာဖတ်ခြင်း ဆိုင်ရာသင်ကြားပို့ချမှု စသဖြင့်ပံ့ပိုးပေးလျက်ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများ၏ ပညာ ရေးဆိုင်ရာအတွေ့အကြုံများ မြှင့်တင်ရန်၊ အောင်မြင်မှုရရှိရန် ရည်ရွယ်ပါသည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရန် ကလေးများသည် အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကား ကဲ့သို့သော နိုင်ငံခြားဘာသာစကားများကို သင်ယူခွင့် ရရှိပါသည်။

STEAM ပညာရေး

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေးဂေဟာသည် STEAM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ အနု ပညာနှင့် သင်္ချာ) ပညာရေးကို အထူးအလေးပေးဆောင်ရွက်ထားပါသည်။ ထိုပညာရေးတွင် လက်တွေ့စမ်းသပ်မှု များပါဝင်သည့် အွန်လိုင်းသိပ္ပံအတန်းများ၊ စိတ်ဝင်စားဖွယ်ကောင်းသော ကစားနည်းများမှတစ်ဆင့် သင်္ချာစွမ်း ရည်မြှင့်တင်ပေးသောလုပ်ငန်းများ၊ ပရိုဂရမ်းမင်းအတန်းများနှင့် ပုံဆွဲအတန်းများပါဝင်ပြီး သင်ယူမှုနယ်ပယ်အ သီးသီးတွင် ကလေးများဖွံ့ဖြိုးတိုးတက်မှုရှိပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် ပြည့်စုံကောင်းမွန်သော ပညာရေးဆိုင်ရာ အတွေ့အကြုံများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။ 

handicrafts
handicrafts

Well-being ပညာရေး

handicrafts
handicrafts

ကလေးများ၏ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာရေးကိုမြှင့်တင်ရန် Dream Train သည် ယောဂ၊ ဘောလုံး၊ ရေကူး၊ Rugby၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်စသည့် အားကစားဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုးတွင် ကလေး များပါဝင်နိုင်ရန် အားပေးလျက်ရှိပါသည်။ ကလေးများအနေဖြင့် မိမိစိတ်ပါဝင်စားမှုအရ နှစ်သက်သည့် ကိုယ် လက်လှုပ်ရှားမှုများတွင် ပါဝင်နိုင်ပါသည်။ တစ်နှစ်လျှင် တစ်ကြိမ် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် Dream Train အားကစားမိသားစုနေ့ကိုကျင်းပပြီး ထိုနေ့တွင် ကလေးများအားလုံး မြန်မာ့ရိုးရာကစားနည်းများအပါ အဝင် အားကစားမျိုးစုံကို ပျော်ရွှင်စွာကစားနိုင်ကြပါသည်။

အားကစားလှုပ်ရှားမှုများအပြင် Dream Train သည် အက၊ စန္ဒယား၊ ဂစ်တာ၊ Recorder၊ ပန်းချီစသည့် အနုပညာလှုပ်ရှားမှုများတွင် ကလေးများပါဝင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါသည်။ ကလေး များသည် အနုပညာလှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် ၎င်းတို့၏ အာရုံခံစားနိုင်စွမ်းကို မြှင့်တင်နိုင်ပြီး အနုပညာ လှုပ်ရှားမှုများကို သင်ယူခြင်း၊ လေ့ကျင့်ခြင်းအားဖြင့် ၎င်းတို့၏ ဖန်တီးနိုင်မှုစွမ်းရည်ကို လွတ်လပ်စွာ ဖော်ပြ နိုင်ပါသည်။ ကလေးများအနေဖြင့် အားကစားနှင့် အနုပညာဆိုင်ရာ လှုပ်ရှားမှုများစွာတွင် ပါဝင်ဆောင်ရွက်ခြင်း ဖြင့် Dream Train သည် ရုပ်ပိုင်းဆိုင်ရာနှင့် အနုပညာစွမ်းရည်များကို ပြုစုပျိုးထောင်ခြင်း၊ အလုံးစုံသော ကိုယ်စိတ်ကျန်းမာရေးကို မြှင့်တင်ခြင်းဖြင့် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပါသည်။

စာကြည့်တိုက်

Library
Library

Dream Train ရှိကလေးများ​ စာဖတ်ခြင်းကို နှစ်သက်မြတ်နိုးလာစေရန် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လတွင် Dream Train စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ကလေးများ အသိပညာကျယ်ပြန့်လာစေရန်နှင့် ဘာသာစကား၊ ဆက်သွယ်ရေးစွမ်းရည်များ မြှင့်တင်ရန်ရည်ရွယ်၍ စာကြည့်တိုက်ကို တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ စာကြည့်တိုက်တွင် ရသစာပေနှင့် သုတစာပေ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ကာတွန်းများနှင့် အခြားစာပေများစွာ ထားရှိပါသည်။  တနင်္ဂနွေနေ့တိုင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက်တွင်စာဖတ်ခြင်းသာမက စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်ပါ စီစဉ်ပေးထားပါသည်။

အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေးဂေဟာအနှစ်ချုပ်

၂၀၁၀ခုနှစ်တွင်  International Medical Volunteers Japan Heart, Myanmar အဖွဲ့အစည်းက အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေးဂေဟာ (Dream Train Child Development Center) ကို  တည် ထောင်ခဲ့ပြီး  စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကလေးများကို ကူညီပံ့ပိုးပေးရာတွင် တိုးတက် မှုများရှိနေသည်မှာ သိသာထင်းရှားလှပါသည်။ ဂေဟာ၌ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အခက်အခဲရှိသောကလေးများကို လူမျိုး၊ ဘာသာ၊ ကျား၊ မ မခွဲခြားဘဲ မိမိရည်မှန်း ချက်များ အကောင် အထည်ဖော်နိုင်ရန် အကောင်းဆုံးသောဝန်ဆောင်မှုနှင့် ထောက်ပံ့မှုများ ပေးနေ ပါသည်။ ထိုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဉီးစီးဌာနမှ ပထမအဆင့် ပရဟိတဂေဟာအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။

ကျွန်ုပ်တို့သည် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးပြဿနာများကဲ့သို့သော အဓိက နယ်ပယ်များတွင် ထူးခြားသောဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုများပေးဆောင်ရန် လေးလေး နက်နက်ကတိ ပြုထားပြီး ကလေးတိုင်းသည် လူမျိုး၊ ဘာသာ၊ ကျား၊ မ မခွဲခြားဘဲ တန်းတူ အခွင့်အရေး ရထိုက်သည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ထားပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ကလေးများသည် ၎င်းတို့၏ အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ပြီး လွတ်လပ်သောဘဝများကို ဦးဆောင်နိုင်ရန်ဖြစ်ပါသည်။ 

စတင်တည်ထောင်ချိန်မှစ၍ Dream Train သည် သိသိသာသာဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ အစ ပိုင်းတွင် ကလေး ၂၈ ဦးကိုသာ ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ယခုအခါ တိုင်းရင်းသားမျိုးနွယ်စု ၆ စု မှ ကလေး ၁၃၈ ဦးကို  ပြုစုပျိုးထောင်ပေးသည့် ဝန်းကျင်တစ်ခုဖြစ်လာပါသည်။ 

ကျွန်ုပ်တို့၏ FACEBOOK စာမျက်နှာအား Like & Follow လုပ်ထားခြင်းဖြင့် အချိန်မှီသတင်းများရယူလိုက်ပါ

https://www.facebook.com/profile.php?id=100077343352657