တည်ထောင်သူမှ အမှာစကား
Dr. Hideto Yoshioka
- Born : သြဂုတ်လ ၁၉၆၅
- Education : Oita University Faculty of Medicine(၁၉၈၅)
- Career Path :
- ၁၉၉၇ : National Okayama Medical Center, Pediatric Surgery
- ၂၀၀၁ : Kawasaki Medical School Hospital
- ၂၀၀၃ : မြန်မာနိုင်ငံ၌ ကျန်းမာရေးထောက်ပံ့မှုများ ဆောင်ရွက်ခြင်း
- ၂၀၀၄ : JAPAN HEARTအဖွဲ့အစည်းစတင်တည်ထောင်ခြင်း
- ၁၉၈၅-၁၉၉၅ : Emergency hospitals in Osaka and Kanagawa
စဥ်းစားကြည့်ရအောင်
အသစ်အသစ်သော အခန်းကဏ္ဍများနှင့် နိုင်ငံတကာ ဆေးကုသမှုများပေးရာ အဖွဲ့အစည်းတစ်ခု ကိုစိတ်ကူးကြည့်ကြပါစို့။ ထိုအဖွဲ့အစည်းရှိ လူငယ်များမှ ကမ္ဘာတစ်၀မ်းရှိ သဘာ၀ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒေသများသို့ သွားရောက်ကာ ဒုက္ခသည်များအား ကူညီပေးနေသောပုံရိပ်များသည် အနာဂတ်လူငယ်များအတွက် စိတ်အေးချမ်းစရာ မြင်ကွင်းပင်ဖြစ်ပါသည်။
Japan Heart အဖွဲ့အစည်း၏ လှုပ်ရှားမှုများသည် တမူထူးခြားသော စိတ်ကူးအိုင်ဒီယာများဖြစ်သော ရှင်းလင်းပြတ်သားမှု၊ စိတ်အလှတရားနှင့် သနားကြင်နာမှု အပေါ် ထင်ဟပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့ အဖွဲ့အစည်းသည် ဂျပန်နိုင်ငံအခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုများပေးရာ အဖွဲ့အစည်းဖြစ်သည့် အလျောက် အထက်ဖော်ပြပါ အိုင်ဒီယာများသည် ကျွန်ုပ်တို့၏ ယဥ်ကျေးမှုဆိုင်ရာ အမြင်များ အပေါ်၌ အခြေခံထားခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် ယခင်နှစ်ပေါင်း ၅၀၀ခန့်ကတည်းက ကျင်းပခဲ့သော ရိုးရာယဥ်ကျေးမှုပွဲတော်ဖြစ်ရာ“cha no yu” ခေါ် လက်ဖက်ရည်ပွဲတော်ရှိပါသည်။ ကျွန်ုပ်တို့၏အဖွဲ့အစည်းသည်“cha no yu” ပွဲတော်ပုံရိပ်ပမာ ခမ်းနားထည်၀ါသောအလှဆင်မှုများထက် ထိတွေ့ကိုင်တွယ်၍မရသော အလှတရားများကိုထွေးပိုက်ကာ လိုက်နာကျင့်သုံးသူများမှာလည်း သနားကြင်နာမှုများကိုအခြေခံ ကျင့်သုံးလျက်ရှိပါသည်။ အဖွဲ့အစည်း၏လှုပ်ရှားမှုများပေါ်အခြေခံကာ ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံ၏ ယဥ်ကျေးမှုဓလေ့များကို ကျင့်သုံးသရုပ်ဖော်လျှက်ရှိပါသည်။
ဒီစာလေးကိုအဆုံးမသတ် ခင် ကျွန်တော့ရဲ့ ကိုယ်ပိုင် အတွေးလေးတစ်ခုကို မျှဝေလိုပါသည်။
ကျွန်တော်သည် အမျိုးသမီးများ၏လုပ်ပိုင်ခွင့်နှင့် ပါ၀င်ပူးပေါင်းလုပ်ဆောင်မှုများကို အခြားသော အဖွဲ့အစည်းများထက်ပို၍ တန်ဖိုးထားပါသည်။ ကျွန်ုပ်တို့ အဖွဲ့အစည်း၌ အမျိုးသမီးများ ပါ၀င်မှုများကြောင့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် မိခင်များသကဲ့သို့ ချစ်ခြင်းမေတ္တာဂရုဏာများ ထွေးပိုက်ကာ ကမ္ဘာတစ်၀မ်းမှ ဒုက္ခဝေဒနာများခံစားနေရသောလူသားများအား ကုစားရာတွင် ထူးခြားသော ဦးဆောင်မှုများ ဖြစ်မည်ဟုယုံကြည်ပါသည်။
ကျန်းမာခြင်းသည် လာဘ် တစ်ပါးဖြစ်သည့်အလျှောက် ပျော်ရွှင်မှုဟူသည်မှာလည်း ကျန်းမာရေးစောက်ရှောက်မှုများ ပံ့ပိုးပေးနိုင်ခြင်းဖြစ်ပါသည်။ ဤစိတ်ကူးစိတ်သန်းများကို ထွေးပိုက်ကာ Japan Heart သည် ကမ္ဘာတစ်၀ှမ်းရှိ ကျန်းမာရေးချို့တဲ့နေသူများ၊ လိုအပ်နေသူများ၏ ခန္ဓာပိုင်းဆိုင်ရာတင်မက နှလုံးသားများပါ ကုစားပေးနိုင်သော အဖွဲ့အစည်းဖြစ်နိုင်ရန် ကြိုးစားသွားပါမည်။