Japan Heart Myanmar သမိုင်း

【 Japan Heart Myanmar 】

မြန်မာနိုင်ငံသည် Japan Heart ၏ခြေလှမ်းစတင်ရာ နေရာဖြစ်ပါသည်။

၂၀၀၄ခုနှစ်မှစတင်ကာ စစ်ကိုင်းတိုင်းဒေသရိှ ဝါးချက်ဇီဝိတဒါန သံဃာဆေးရုံ၌ ကုန်ကျစရိတ် သက်သာစွာဖြင့် ကလေးသူငယ်လူကြီးမရွေး(အသက်၁၈နှစ်အောက်အတွက်အခမဲ့) ခွဲစိတ်ကုသမှုအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပေးလျက်ရိှပါသည်။

ကျန်းမာရေး စောင့်ရှောက်မှုများအပြင် "အိပ်မက်လှရထားလေး" လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကို ဖွင့်လှစ်ထားရာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည်တို့တွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ကလေးသူငယ် လူရွယ်များကို ပြုစုစောင့်ရှောက်ပေးလျှက်ရှိပြီး လက်ရှိ ကလေးသူငယ်ဦးရေ ၁၀၀ ကျော် ရိှပါသည်။ 
 

Japan Heart အဖွဲ့၏ လှုပ်ရှားမှုများ တည်ရှိရာနေရာ:

Japan Heart အဖွဲ့၏ လုှပ်ရှားမှုများ တည်ရှိရာနေရာ
၁။ ဝါးချက်ဇီဝိတဒါန သံဃာဆေးရုံ (စစ်ကိုင်းတိုင်း)