ဆေးဘက်ဆိုင်ရာလှုပ်ရှားမှုများ

ဝါးချက်ဆေးရုံ၏ လှုပ်ရှားမှုများ အကျဉ်းချုပ်

ဝါးချက်ဆေးရုံနှင့် ဂျပန်နှလုံးသားအဖွဲ့

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း-မင်းကွန်းလမ်းပေါ်ရှိ ဝါးချက်ကျေးရွာတွင် တည်ရှိသော ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံသည် ဂျပန်နှလုံးသားအဖွဲ့ ၏ မူလ အစ ဖြစ်ပါသည်။ ခရစ်နှစ် သက္ကရာဇ် ၂၀၀၄ ခုနှစ် မေလမှစတင်၍ ဂျပန်နှလုံးသားအဖွဲ့၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းများကို ဤဆေးရုံကြီး၌ စတင်လုပ်ဆောင်ခဲ့ပါသည်။ ဝါးချက်ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံလေးသာဖြစ်သေည်လည်း ဆေးရုံတက်လူနာများအလွန်များသောအချိန်တွင်မူ လူနာဦးရေ ၂၀၀ ကျော်အထိ လက်ခံထားရှိနိုင်ပါသည်။ ဆေးရုံကို စတင်တည်ဆောက်ခါက သံဃာ့ဆေးရုံအဖြစ် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အများပြည်သူအတွက် ပရဟိတဆေးရုံအဖြစ် ပြောင်းလဲခဲ့ပါသည်။ ဂျပန်နှလုံးသားအဖွဲ့သည် ဤဆေးရုံနှင့်ပူးပေါင်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင် ဆေးပညာရှင် ပရဟိတအဖွဲ့အစည်းတခု ဖြစ်ပါသည်။
Medical 1

ဂျပန်နှလုံးသားအဖွဲ့ ၏ ဝါးချက်ဆေးရုံတွင်း လှုပ်ရှားမှုများ

  • ပြင်ပလူနာဌာနတွင် နေ့စဉ် အထွေထွေရောဂါအစုံဖြင့် ပြသော လူနာများ ကြည့်ရှုပေးခြင်း
  • ဆရာကြီး ဒေါက်တာ Yoshioka ၏ လစဉ် ခွဲစိတ်မှု မစ်ရှင်များ 
  • အခြားသော အထူးကုရောဂါ ခွဲစိတ်မှုများ
  • ဒေသတွင်းဆေးပညာရှင်များကို ကျန်းမာရေးစောင့်ရှောက်မှုပညာရပ်များကို လေ့ကျင့်သင်ကြားပေးခြင်း
Medical 1

ဂျပန်နှလုံးသားအဖွဲ့ ၏ တခြားဆေးဘက်ဆိုင်ရာလှုပ်ရှားမှုများ

  • ရွေ့လျားဆေးခန်းများနှင့် ဆေးဘက်ဆိုင်ရာ ခရီးစဉ်များ
    • မြန်မာနိုင်ငံရှိ ဝေးလံခေါင်သီသော ဒေသများသို့ ရေတိုကာလ (၃-၅) ရက် ခရီးသွား၍ လူနာကြည့်ရှုပေးခြင်းများ ပြုလုပ်လေ့ရှိပါသည်။
    • 2019 ခုနှစ်မှစတင်၍ မင်းကွန်းတိပိဍကဆရာတော်ဖွင့်လှစ်ထားသော ထီးဆောင်းနှင့် ရွာငံမြို့ရှိ ဇီဝိတဒါန မျက်စိဆေးရုံများသို့ အထွေထွေရောဂါများ ကုသမှုခရီးစဉ်အတွက် လစဉ်သွားရောက်ခဲ့ပါသည်။
  • အခြေခံအသက်ကယ်ထောက်ပံ့ခြင်း လေ့ကျင့်ခန်း (BLS) သင်တန်းများ
  • ဘုန်းတော်ကြီးသင်ပညာရေး စာသင်ကျောင်း အများအပြားတွင်လည်း ကျန်းမာရေးဆေးစစ်မှုများ  ပြုလုပ်ပေးခြင်း
Medical 1

ဒေသဆိုင်ရာ အဆင့်မြင့် သင်ကြားရေး ဆေးရုံများနှင့် ပူးပေါင်း၍ လုပ်ဆောင်ခြင်းများ

ဂျပန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့များကို ဂျပန်နှလုံးသားအဖွဲ့မှတဆင့်ဖိတ်ကြားခဲ့ပြီး သင်ကြားရေးဆေးရုံများတွင် ပူးပေါင်း၍ ပြုလုပ်သောခွဲစိတ်မှုများတွင် ကူညီပေးခဲ့ပါသည်။

ပြုလုပ်ခဲ့သော ပူးပေါင်းခွဲစိတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည်။

  • နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ပြုပြင်ခြင်း။
  • ကလေးဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်မှု
  • ကလေးနှလုံးခွဲစိတ်မှု
  • ကလေးအသည်းခွဲစိတ်မှု
  • အရိုးခွဲစိတ်မှု

ကျွန်ုပ်တို့၏ FACEBOOK စာမျက်နှာအား Like & Follow လုပ်ထားခြင်းဖြင့် အချိန်မှီသတင်းများရယူလိုက်ပါ

https://www.facebook.com/profile.php?id=100077343352657