ပါဝင်ရန်နည်းလမ်းများ
လှူဒါန်းပါ၀င်နိုင်သော အခန်းကဏ္ဍများဉ်
ဆေးကုသမှုများအတွက် ထောက်ပံ့နိုင်သော အလှူငွေပမာဏ နှင့် အခန်းကဏ္ဍများ (၀ါးချက်ဆေးရုံ)
အလှူငွေ | |||
---|---|---|---|
အမျိုးအစား | ကုန်ကျငွေ | အရေအတွက် | အကြောင်းအရာ |
ခွဲစိတ်ခ | ၁၀၀၀၀၀ ကျပ် | ၁ ခု | ထုံဆေးဖြင့် ခွဲစိတ်မှု |
၁၅၀၀၀၀ ကျပ် | ၁ ခု | ခါးရိုးထုံဆေးဖြင့် ခွဲစိတ်မှု | |
၃၀၀၀၀၀ ကျပ် | ၁ ခု | မေ့ဆေးဖြင့် ခွဲစိတ်မှု | |
အစားအသောက် | ၂၀၀၀ ကျပ် | ၁ ရက် | ကလေးခွဲစိတ်လူနာအတွက် အစားအသောက်ထောက်ပံ့ကြေး |
၁၄၀၀၀ ကျပ် | ၁ ပတ် | ||
ခွဲစိတ်ပြီးသော ကလေးလူနာအတွက် အသွားအပြန် ခရီးစရိတ် | ၁၀၀၀၀ ကျပ် | ၁ ယောက် | ၁ နာရီအတွင်းရောက်နိုင်သော ခရီးစရိတ် |
၂၀၀၀၀ ကျပ် | ၁ ယောက် | နေ့ပိုင်းအတွင်း ရောက်နိုင်သော ခရီးစရိတ် | |
၅၀၀၀၀ ကျပ် | ၁ ယောက် | တနေ့တာ အချိန်ကုန်နိုင်သော ခရီးစရိတ် |
မသန်စွမ်းမှုဖွံ့ဖြိုးရေးဆိုင်ရာမျက်မမြင်များ၏ကိုယ့်အားကိုယ်ကိုးနိုင်စေရေးနှင့်လူမှုဝန်းကျင် တွင်ပါဝင်ရေး၊ဆေးပညာရပ်ဆိုင်ရာအကြောပြင်အနှိပ်-အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများအတွက်ထောက်ပံ့နိုင်သော အလှူငွေပမာဏ နှင့် အခန်းကဏ္ဍများ
သင့်လျော်သော နေရာထိုင်ခင်းဖြင့် ဖော်ရွေသော ပတ်ဝန်းကျင်ကို လေ့လာနိုင်စေရန် ဆေးဘက်ဆိုင်ရာ အနှိပ်သင်တန်းကျောင်းနှင့် အမြင်အာရုံမသန်စွမ်းသော သင်တန်းသားများအတွက် သင်၏ ကရုဏာနှင့် ကြင်နာမှု လိုအပ်ပါသည်။
• သင်ကြားရေးအကူအညီကိရိယာများ/ ပံ့ပိုးရေးကိရိယာများ၊ အသံဖမ်းစက်၊ memory sticks၊ မျက်မမြင်စာရေးဘောင်နှင့် စာရေးသည့်ဆူးများ၊ မျက်မမြင်စာရေးရန် စာရွက်များ၊ ရောင်စုံခဲတံများ၊ လမ်းလျှောက်တုတ်များ။
• ကိုယ်ပိုင်အခြေခံအသုံးအဆောင်ပစ္စည်းများ၊ ထီး၊ ဖိနပ်တစ်ရံ၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားပွတ်တံ။
• ၂၀၁၃ မှ စတင်ဖွင့်လှစ်ခဲ့သော အနှိပ်ကျောင်းဆောင်ကြီးသည် (၁၀နှစ်) ကျော်ရှိခဲ့ပြီဖြစ်သောကြောင့် အချို့အစိတ်အပိုင်းများတွင် ပြုပြင်ရန်လိုအပ်နေပါသည်။ အနှိပ်ဆောင်အဆောက်အဦ ပြုပြင်ထိန်းသိမ်း မှု၊ ပျက်စီးနေသော အမိုးပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ သန့်စင်ခန်း ပြုပြင်ခြင်း၊ လေအေးပေးစက် ဝယ်ယူခြင်းနှင့် ပြုပြင်ထိန်း သိမ်းခြင်း၊ မီးချောင်းများ၊ လျှောက်လမ်းလက်ကိုင်များနှင့် မျက်မမြင် လမ်းလျှောက်တုံးများကို ပြုပြင် ခြင်းနှင့် အစားထိုးခြင်း။ မသန်စွမ်းသူများအသုံးပြုသော သန့်စင်ခန်း ၁ လုံးနှင့် ပုံမှန်အိမ်သာ ၃ လုံးကိုလည်း ပြုပြင်ရန် လိုအပ်ပါသည်။